အမ်းမြို့နယ်၌   လုံးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၅၇)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ပေး

အမ်း စက်တင်ဘာ ၂၄

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ယနေ့တွင် လုံးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအားကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်း များက နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ရရှိရေး ဦးစားပေးဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ ပျက်စီး၊ သန်းခေါင်စာရင်း၊ မွေး/တိုး၊ လူဦးရေ စာရင်းမိတ္တူများကို ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။

 

ပန်းခင်းစီမံချက်ဖြင့် အမ်းမြို့နယ်အတွင်း  လုံးကျေးရွာအုပ်စုရှိ ကျေးရွာ(၁၇)ရွာတွင်  နိုင်ငံသား စိစစ်ရေး ကတ်ပြား ကျား(၉၃)ဦး (၁၆၄)ဦး စုစုပေါင်းပြည်သူ(၂၅၇)ဦးအတွက် ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။

 

ဝင်းအိမွန်