Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရိခေါ်ဒါရ်မြို့၌ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ အား သြဂုတ် ၂၁ ရက်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချမည်
Aug 15,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်လုပ်ငန်း လေးမျိုးအား သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည် ဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
စင်္ကာပူသို့ မြန်မာ့သရက်သီးတန်ချိန် ၁၀၀ နီးပါးတင်ပို့နိုင်ခဲ့ပြီး လာမည့် သရက်ရာသီတွင် နိုင်ငံတကာသို့ တင်ပို့မှု အလားအလာကောင်းမည်
Aug 15,2020
မြန်မာ့သရက်သီးကို နိုင်ငံတကာဈေးကွက်ရှာတင်ပို့လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်မှ ဇူလိုင်လ အတွင်း စင်္ကာပူနိုင်ငံသို့ သရက်သီးတန်ချိန် ၁၀ဝနီးပါးတင်ပို့နိုင်ခဲ့ပြီး အလားအလာကောင်းများရှိလာသဖြင့် လာမည့်နစ် တွင် အခြားနိုင်ငံများသို့ ဈေးကွက်တိုးချဲ့ရန် စီစဉ်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံသရက်အသင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ(သဇင်နွယ်)မှ ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြှင့်စက်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်
Aug 15,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဖားဆောင်းမြို့နယ်ရုံးမှ ကျေးလက်နေပြည်သူများလူမှုဘဝမြှင့်မားရေး၊ အလုပ်အကိုင် အခွင့်အလှမ်းကောင်းများရရှိရေး၊ ဝင်ငွေတိုးပွားစေရေးကိုရည်ရွယ်၍ ဖွင့်လှစ်ခဲ့သောအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က ဖားဆောင်းမြို့ စုစည်းကျေးရွာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်
Aug 15,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာ စခန်း ပန်းတနော်မြို့၌ ယနေ့ နံနက် ၁၀ နာရီက လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျုံတိုင်းကလေးကျေးရွာအုပ်စု သက္ကယ်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး အဘိတ်ဆေးခတ်ခြင်း ဖုံး၊သွန်၊ လဲ၊စစ်ပြုလုပ်ခြင်းနှင့်ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်
Aug 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် ပူးပေါင်းပြီး အဘိတ်ဆေးခတ်ခြင်းဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀နာရီက လေးဆယ်ကုန်းရွာတွင် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသခံနှင့် ခရီးသွား ပြည်သူများ ဆက်သွယ်သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ဝါးခယ်မတံတားပေါ်မှ စတင်ဖြတ်သန်းခွင့်ပြု
Aug 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ဝါးခယ်မတံတားကို (၂၀၁၈) ခုနှစ် နိုဝင်ဘာလက အဆင့်မြှင့်တင်တည်ဆောက်ခဲ့ရာ အများပြည်သူသွားလာရ အဆင်ပြေလွယ်ကူစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ လမ်းညွှန်ချက်နှင့်အညီ ယနေ့ နံနက် ၆ နာရီကစတင်ကာ အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (၄၆၃၇၃)စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 15,2020
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့ ညနေ ၄နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုတင်စာရင်းပေးသွင်းနိုင်ရေး နှိုးဆော်
Aug 15,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papilloma Virus (HPV) ပထမအကြိမ် ထိုးနှံခြင်းကို ထည့်သွင်းနိုင်ရန် လျာထားပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25436
Page
25437
Page
25438
Page
25439
Current page
25440
Page
25441
Page
25442
Page
25443
Page
25444
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department