လဟယ် စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့Quarantine Centre တွင် Quarantine ၀င်နေသူအား(၃)ရက်မြောက်နေ့ တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ယမန်နေ့ ညနေပိုင်း RDT test kit ဖြင့် စစ်ဆေးခဲ့ရာ (၁)ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ ရှိသည့်အတွက် လဟယ်ပြည်သူ့ဆေးရုံ သီးခြားဆောင်တွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရှိသူမှာ လဟယ်မြို့နယ် ခါးလယ်ကျေးရွာမှ အသက်(၁၈)နှစ်ရှိ အမျိုးသား(၁)ဦး ဖြစ်ပြီး၎င်းတို့၏ ခရီးသွား ရာဇ၀င်စစ်ဆေးခဲ့ရာ ခန္တီးမြို့နယ် ပဒူးမွန်းကျေးရွာ သို့သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ပဒူးမွန်မှ ခရီးတစ်လျောက် မရပ်မနားလဟယ်မြို့သို့ မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိကာ လဟယ်မြို့ အားကစားကွင်း၌ Quarantine Centre တွင် ၀င်ရောက်နေသူဖြစ်ကြောင်း သိရသည်။
လဟယ်မြို့ ပြည်သူ့ဆေးရုံတွင် ယနေ့အထိ ကိုဗစ်-၁၉ပိုးတွေ့သူ စုစုပေါင်း(၁၅)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ရှားဆက်(လဟယ်)