လေရှီး စက်တင်ဘာ ၂၅
နာဂဒေသလေရှီးမြို့တွင် Covid-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၁ နာရီထိ၊ ညနေ ၃ နာရီမှ ၄:၃ဝထိ မြို့နယ်Covid-ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ လေရှီးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင် Mask Campaign လုပ်ငန်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား ဒဏ်ငွေအဖြစ်Maskတစ်ခုလျှင်(၅၀၀)နှုန်းဖြင့် ဝယ်တပ်ဆင်စေ၍ Covid-၁၉ရောဂါ ကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
စံကျော်ဦး(လေရှီး)