သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

သာစည် စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး များဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက လှိုင်းတက်ကျေးရွာအုပ်စု   မယ်ဇလီကန်အခြေခံပညာအထက်တန်းကျောင်းနှင့်အုတ်တွင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲတို့တွင် ဆေးထိုးစုရပ်များထားကာထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေး  ထိုးနှံပေးရာတွင် လှိုင်းတက်၊ ကုက္ကိုကန်၊ ကျွဲတပ်ဆုံ၊ ယင်းမာပင်၊ ပြည်ညောင် နှင့် ကြပ်စခန်းကျေးရွာအုပ်စုများမှ  အလုပ်သမားများအား    ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို      လှိုင်းတက်ကျေးရွာမယ်ဇလီကန် အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊  အုတ်တွင်း လကျေးရွာအုပ်စုရှိကျေးရွာ ၇ ရွာမှအသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား  ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို      အုတ်တွင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင်လည်းကောင်း ထိုးနှံပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆေးထိုးနှံပေးရာတွင် မယ်ဇလီကန် အထက၌ ၆၄၀ ဦးနှင့်အုတ်တွင်း အထကခွဲ၌ ၅၀၀ ဦး     ထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်