မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းစည်းဝေး

မိုင်းယောင်း စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက အမှာစကားပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများက ကာကွယ်ဆေးများရရှိလာပါက ဦးစားပေး အုပ်စုအစီအစဉ်များအလိုက် ထိုးနှံပေးနိုင်ရေး လူဦးရေ စာရင်းများ စီမံဆောင်ရွက်ထားမှုအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းနှင့် ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများ၏ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြမှုများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)