တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (တတိယနေ့) ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် အမှတ်(၄)ရပ်ကွက်၊ လူထုဓမ္မာရုံ၊ အမှတ်(၆)ရပ်ကွက် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၁၁) ရပ်ကွက်သာသနာ့ဟိတဓမ္မာရုံတို့၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် (တတိယနေ့) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးရာတွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ကာကွယ်‌ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၅၅)နှစ်အထက် ပြည်သူများ ကို စုရပ်များအလိုက် ကာကွယ်ဆေးထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ‌ ပေါင်းစပ်‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများကို အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆)ရပ်ကွက်ရှိ ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်(၅) နေရာခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ခင်ဆွနှင်း(ပြန်/ဆက်)