မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မကွေးပညာရေးကောလိပ်ရှိ ဆရာ/ဆရာမများ နှင့်တွေ့ဆုံ

မကွေး  စက်တင်ဘာ    ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မကွေးပညာရေးကောလိပ်၊ အစည်းအဝေးခန်းမတွင်  ဆရာ/ ဆရာမများနှင့် တွေ့ဆုံ၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဒီဂရီကောလိပ်များ ဉပဓိရုပ်ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မကွေးပညာရေး ကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး စီမံဆောင်ရွက် နေမှုများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဉပဓိရုပ်ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားကာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး မကွေးပညာရေးကောလိပ် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက ဆရာ/ဆရာမများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အလျား(၂၁၂)ပေ၊အနံ(၃၄)ပေရှိသော RC (၃)ထပ် အဆောင် ဆောင်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးကာ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ သတ်မှတ်ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်နှင့် ဆောက်လုပ်ပြီးစီးသော အဆောင်များအား ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်း များနှင့်အညီ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)