ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သာယာဝတီမြို့နယ်အတွင်း သတင်းသုံးတော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား အခြေခံစားသောက်ကုန်များလှူဒါန်း

သာယာဝတီ စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို သာယာဝတီမြို့၊ ကျိုက်ထို ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ နေ့လယ်ပိုင်း က သွားရောက်လှူဒါန်းခဲ့သည်။    

ထိုသို့လှူဒါန်းရာ၌ ကိုဗစ်-၁၉ ကာလ Stay At Home အတွင်း ရဟန်း၊ သံဃာ၊ သီလရှင်များ ဆွမ်း အတွက် အဆင်ပြေချောမွေ့စေရန် ငွေကျပ်  (၈၄၁၂၀၅၀) ကျပ်တန်ဖိုးရှိ ဆန်(၁၆၆)အိတ်၊ ဆီ(၄၁၃.၅၀)ပိဿာ၊ ပဲ(၄၁၃.၅၀)ပိဿာ၊ ဆား(၄၁၃.၅၀)ပိဿာတို့အား သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးလူအေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုတို့က သွားရောက်ဆက်ကပ်လှူဒါန်းရာ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် မြို့နယ်သံဃ နာယကဥက္ကဋ္ဌ ဘဒ္ဒန္တဣန္ဒာစရိယ အရှင်သူမြတ်က လက်ခံရယူခဲ့ကြောင်း သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)