အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
Aug 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများ အား လားရှိုးမြို့ မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစ တင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ဩဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသား (၂၀)ဦး ၊ အမျိုးသမီး (၂၅)ဦး စုစုပေါင်း (၄၅ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။
Aug 24,2020
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင် များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၂ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၁၀)ဦးနှင့် ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က(၅)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Aug 24,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် Women Club၊ Youth Club၊ Book Club အဖွဲ့အား ဖိတ်ခေါ်၍ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် (၁၀)နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 24,2020
ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ပြည်သူများ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းကျေးရွာစျေးတွင် ဆောင်ရွက်ခဲ့သည်။
Aug 23,2020
ကြံခင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွက် ကျန်ရှိနေသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၁၀)ခုအား အခြားနည်းညှိုနှိုင်းဈေးဖြင့် ရောင်းချမှုအား ယမန်နေ့ကကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင် အရာရှိ ဦးဌေးမြင့်အောင်တို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။