နမ့်ဆန်၌ စာဖတ်ဝိုင်းကျင်းပ

နမ့်ဆန် ဩဂုတ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ စာရေးဆရာ ဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် Women Club Youth Club Book Club အဖွဲ့အား ဖိတ်ခေါ်၍  ဩဂုတ်လ ၂၂ ရက်နေ့ နံနက် (၁၀)နာရီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ခေါင်းဆောင် ဒေါ်ခင်သီတာထွေးက စဉ်းစားခြင်း စာအုပ်ပါ အမှာစကားကိုဆွေးနွေးပြီး အခန်း() အကျပ်အတည်းကြားမှာ စဉ်းစားကြံဆတတ်သူများခေါင်းစဉ် ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင်ဒေါ်တင်တင်ဌေးက အခန်း() စဉ်းစားစရာပြဿနာများ (အထွေထွေ) အခန်းအား လည်းကောင်း၊ Women Club အဖွဲ့ခေါင်းဆောင် ဒေါ်နွယ်နွယ်လွင်က အခန်း() စဉ်းစားကြသည့်အခါ စဉ်းစားစရာခေါင်းစဉ်ကို လည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်လှဝင်းက အခန်း() စဉ်းစားစရာ ပြဿနာများ အခန်းကိုလည်းကောင်း အသီးသီးဆွေးနွေး ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ သူများတို့က စာအုပ်နှင့်ပတ်သက်၍ မိမိတို့ ဖတ်ရှုမှတ်သားရသည့် စာပေရသများကို အချင်းအချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)