ကြံခင်း ဩဂုတ် ၂၃
ကြံခင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးအတွက် ကျန်ရှိနေသော အရပ်ရပ်အခွင့်အရေးလိုင်စင်(၁၀)ခုအား အခြားနည်းညှိုနှိုင်းဈေးဖြင့် ရောင်းချမှုအား ယမန်နေ့ကကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင် အရာရှိ ဦးဌေးမြင့်အောင်တို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပထမအကြိမ်အရပ်ရပ်အခွင့်အရေး လိုင်စင်(၃၄)ခုအား ၅ ရာခိုင်နှုန်းတိုးရောင်းချခဲ့ပြီး ကျန်ရှိနေသော အခွင့်အရေးလိုင်စင်(၁၀)ခု အနက်မှ အခွင့်အရေး လိုင်စင်(၇)ခုအား အခြားညှိနှိုင်းကြမ်းခင်းဈေးဖြင့် ရောင်းချခဲ့ရာ ငွေကျပ်သိန်း (၉၉၄၇၆၀၀၀/-) ရရှိကြောင်းနှင့် ကျန်ရှိနေသော အခွင့်အရေးလိုင်စင်(၃)ခုအား ဆက်လက်ပြီး ထပ်မံညှိုနှိုင်းရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)