Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မဲဆန္ဒရှင်များစာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) ဖြင့်လျှောက်ထားသူများကို ပြင်ဆင်ပေးလျက်ရှိ
Aug 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများမှ ပုံစံ (၃)၊ပုံစံ (၄)၊ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံး၌ မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲ၍ နေအိမ်တစ်လုံးနောက်ဖေးမီးဖိုချောင်ပျက်စီးခြင်းနှင့် လူနေအိမ် ( ၃)လုံ…
Aug 23,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁၃ နာရီအချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အမှတ်(၈ )ရပ်ကွက် ဗန္ဓုလလမ်းရှိ ဒေါ်တင်တင်ဝင်း၏ သွပ်မိုးထရံကာ ပျဉ်ခင်း နေအိမ်နောက်ဖေး မီးဖိုချောင် သစ်ပင်ပိမိခြင်းနှင့် သွပ်မိုး ၊ထရံကာ၊ ပျဉ်ခင်းနေအိမ် ၃ လုံးမှာ အမိုးလန်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်းအခက်အခဲရှိနေသည့် ပုဂံဒေသဘုရား ဈေးရောင်း ဈေးသည် အိမ်ထောင်စု ၈၀ အတွက် တဒင်္ဂပြေလည်စေရန် ဆန်၊ဆီ၊ဆားလှူဒါန်း
Aug 23,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်း ဈေးရောင်းချသည့် ခက်ခဲဈေးသည်များအား တဒင်္ဂပြေလည်စေရန် ယနေ့ နံနက် ၈နာရီခွဲအချိန်က ဦးတင်းလင်းအောင် ဦးဆောင်ကာ Online မှလှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားများကို အိမ်ထောင် စု ၈၀အားအိမ်တိုင်ရာရောက် လိုက်လံပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း ဦးတင်လင်းအောင်ထံ က သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးရွာမတည်ရန်ပုံငွေများ ပေးအပ်
Aug 23,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan(CERP) အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း(VRFP)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ(၄)ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန်ပြိန်းကျေးရွာအုပ်စု၊ မတ်ခံကျေးရွာနှင့် ပြိန်းရဲကျေးရွာအုပ်စု၊ မြင်စီရှန်းကျေးရွာ တို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျေးရွာအရောက် မတည်ရန်ပုံငွေများကို လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်တွင် ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဥ်အရ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Aug 23,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများ ထောက်ပံငွေပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် ဘက်စုံထူးချွန်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူလေးများကို ဂုဏ်ပြုလှည့်လည် ချီးမြှင့်ပွဲ ပုလောမြို့၌ ကျင်းပ
Aug 23,2020
၂၀၂၀ ပြည့်နှစ် ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလှည့်လည်ချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီက ပုလောမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၊ မိုင်းမု၊ ပန်သပြေ (မြောက်) ကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကျေးရ…
Aug 23,2020
စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ် စည်ပင်သာယာစျေးတွင် နှာခေါင်းစည်း (Mask) နှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 23,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စည်ပင်သာယာစျေးနှင့်စျေးပတ်ဝန်းကျင်ရှိ လမ်းဆုံများတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း (Mask) နှင့် ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၆ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25383
Page
25384
Page
25385
Page
25386
Current page
25387
Page
25388
Page
25389
Page
25390
Page
25391
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department