အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ကြီးကြပ်မှုဖြင့် လားရှိုးမြို့ ယူနန်ဘုံ ကျောင်းမှ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၄၇၅၀)အတွက် ဒုတိယအကြိမ် ဆန်နှင့် စားသောက်ကုန်များ လှူဒါန်းခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့ ယူနန်ဘုံကျောင်း တွင် ဆောင်ရွက်ခဲ့သည်။
Aug 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အတွင်းရှိ တိုက်ပွဲရှောင်(IDPs) စခန်းများရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်း(၁၀) နာရီအချိန် နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ဂျော်(၁)၊ တိုက်ပွဲရှောင်စခန်း၌ မူဆယ်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက လာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်ထိုးနှံခြင်းကို ယနေ့ နံနက်(၉) နာရီမှ စတင်၍ လဟယ်မြို့အထက်တန်း ကျောင်း သီတဂူကျောင်း ဆောင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ အနေဖြင့် ပထမအ သုတ်တွင်(၁၈၄၇)ဦး၊ ဒုတိယအသုတ်တွင်(၁၀၅) ဦး ၊ တတိယအသုတ်တွင်(၂၇၃)ဦး ဖြစ်၍လဟယ်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပြီး သူပေါင်း(၂၂၂၅)ဦး ဖြစ် ကြောင်း သိရသည်။
Aug 05,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန်တွင်လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။     
Aug 05,2021
          ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ဈေးနှုန်းမရှိ၍ ရောင်းမရသော စိုက်ပျိုးရေးထွက်ကုန်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အလှူရှင်များ ပူးပေါင်းဝယ်ယူ၍ လိုအပ်သော ပြည်သူများထံသို့ ပေးပို့လှူဒါန်းလျက်ရှိကြောင်းသိရသည်။
Aug 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆောင်ရွက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ အလှူငွေနှင့် အောက်စီဂျင်အိုးများ လှူဒါန်းပေးအပ်ပွဲကို သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
Aug 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးကော်မတီသို့ ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတတ်ရေးကုမ္ပဏီလီမိတက်မှ ဩဂုတ်လ ၅ ရက်နေ့တွင် အလှူငွေ ပေးအပ်လှူဒါန်းသည်။