ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ(၄၅)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်ပေး

လားရှိုး      ဩဂုတ်  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့်  ချင်းရွှေဟော်မြို့ များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများ အား လားရှိုးမြို့ မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစ တင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ဩဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသား (၂၀)ဦး ၊ အမျိုးသမီး (၂၅)ဦး စုစုပေါင်း (၄၅ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၄၅)ဦး တို့တွင်  ကချင်ပြည်နယ်မှ(၂)ဦး ၊ ကရင်ပြည်နယ်မှ (၁)ဦး ၊ စစ်ကိုင်း တိုင်းဒေသကြီးမှ(၁၁)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ(၂)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၂၄)ဦး ၊ မန္တလေးတိုင်း ဒေသ ကြီးမှ(၃)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ(၂)ဦး တို့ဖြစ်ကြသည် ။ ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိရာတွင် မေလ(၆) ရက်နေ့မှ ဩဂုတ်လ(၂၃)ရက်နေ့အထိ  နေရပ်ပြန် ပြည်သူအမျိုးသား (၉၃၈၀) ဦး ၊ အမျိုးသမီး (၅၉၁၂) ဦး စုစုပေါင်း (၁၅၂၉၂)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)