ဥတ္တရသီရိ သြဂုတ် ၂၄
ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ပြည်သူများ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းကျေးရွာစျေးတွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် တောင်ညိုနယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် အောင်မြင့်မြတ်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘုရားကုန်းစျေးအတွင်းရှိ စျေးရောင်းစျေးဝယ်ပြည်သူများ၊ လမ်းသွား လမ်းလာ ပြည်သူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)