ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၁၅)ဦးအားသက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ်

ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ   ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၂ ရက်နေ့၊ ညနေ()နာရီ အချိန်က(၁၀)ဦးနှင့် မန်နေ့မွန်းလွဲ()နာရီခွဲအချိန်က()ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅)ဦးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၁၅)ဦးမှာ  အမျိုးသား()ဦး၊   အမျိုးသမီး()ဦးတို့ ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ()ဦး၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှ()ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ နယ်မှ()ဦး ဇလွန်မြို့နယ်မှ()ဦး ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်မှ()ဦး ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်း မြို့နယ်မှ()ဦး၊ လောက်ကိုင်မြို့နယ်မှ()ဦးနှင့် ဟိုပန်မြို့နယ်မှ()ဦးတို့ ဖြစ်သည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများ အား  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၁၄၂)ဦးနှင့် အမျိုးသမီး(၆၅၂၀)ဦး တို့ဖြစ်ပြီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၆၆၂)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)