Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုသိမ်မြို့တွင် ဆေးဆပ်ပြာနှင့် သဘာဝခေါင်းလျှော်ရည် ပြုလုပ်နည်း သင်တန်းဖွင့်
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူပေါင်းပြီး (CERP) အစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ကုစားရေး အစီအစဉ်အရ အလုပ်အကိုင်လအခွင့်အလမ်း ဖော်ဆောင် ပေးခြင်းနှင့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ ဆေးဆပ်ပြာနှင့် သဘာဝခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ ပြုလုပ်ရာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်နှင့် ဝန်ထမ်းများ သင်တန်းနည်းပြများ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ ပေးအပ်
Aug 24,2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို သထုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ( CERP )၏ Action Plan အရ ယမန်နေ့ နံနက် ၉ နာရီက ပေါင်မြို့နယ် ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေး အပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ မပေါ်ပေါက်စေရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Aug 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ နေအိမ်အပြင်ထွက်လျင် (mask) များ မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၃၂)ဦးကို ထောက်ပံ့ငွေများပေးအပ်
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့တွင် (CERP)အစီအစဉ်အရမိုးစပါး မျိုးစေ့ထုတ် တောင်သူ (၃၂)ဦးတို့ကိုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းစိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး
Aug 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ် ပညာရေးမှူး ဒေါ်လှလှအေးဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှု မရှိစေရေး ယနေ့နံနက် ၈ နာရီက ပုလောမြို့ အမှတ် (၅) ရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မသန်စွမ်းသူများအား နိုင်ငံတော်မှ ငွေသားများထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီ က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စားသောက်ဆိုင်များအား ရှောင်တခင် စစ်ဆေး
Aug 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ကိုဗစ်-၁၉ကာလအတွင်း သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ ညနေ ၄ နာရီက တုံတာမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့ဂုဏ်ဆောင်(ဘက်စုံထူးချွန်) လူရည်ချွန်မောင်/မယ်(၄)ဦးအား မြို့နယ်မှထပ်ဆင့်ဂုဏ်ပြု
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်မှ ၂၀၁၉-၂၀၂၀ပညာသင်နှစ် ခရိုင်အဆင့် (ဘက်စုံထူးချွန်) လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော မောင်/မယ် များအား မြို့နယ်မှ ထပ်ဆင့်ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့က မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ခေရ ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25381
Page
25382
Page
25383
Page
25384
Current page
25385
Page
25386
Page
25387
Page
25388
Page
25389
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department