ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စုအတွင်း မိုစပါး (RS to CS) မျိုးစေ့ထုတ်စိုက်ခင်းများအား တမန်းနှိုးခြင်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်ခြင်း လုပ်ငန်းများဆောင်ရွက်

ဘောဂလိ ဩဂုတ် ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စု၊ ဖြတ်လမ်းကူးကျေးရွာတွင်  ကိုဗစ်-၁၉  စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ  မိုစပါး(RS to CS) မျိုးစေ့ထုတ် စိုက်ခင်း(၁၅) ဧကအား ပေါင်းရှင်းခြင်း၊ တမန်းနှိုးခြင်းနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်ခြင်းလုပ်ငန်းများကို  ယမန် နေ့ နံနက်ပိုင်းက ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်း ဝန်ထမ်းများနှင့် ကျေးရွာနေ တောင်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း  သိရှိရသည်။

အဆိုပါ မိုစပါး(RS to CS) မျိုးစေ့ထုတ် စိုက်ခင်းများအား ပေါင်းရှင်းခြင်း၊ တမန်းနှိုးခြင်းနှင့် ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးခြင်းဖြင့်  အမြစ်ဟောင်းများ ပြုတ်ကျပြီး  အမြစ်သစ်များ ပိုမိုများပြားစွာ ဖြာထွက်လာပြီး မြေဆီလွှာအတွင်းရှိ  အာဟာရဓာတ်များကောင်းမွန်စွာစုပ်ယူနိုင်ခြင်း၊ အပင်ပွားများခြင်း၊ အပင်ကြံ့ခိုင် သန်စွမ်း၍ အစာချက်လုပ်နိုင်သည့် ရွက်ပြားဧရိယာ ကျယ်ခြင်းနှင့် လုံလောက်သည့်အရွက်များ ထွက်ရှိစေသည့် အကျိုး ကျေးဇူးများရရှိကြောင်း ဘောဂလိ မြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

နီလာအေး (ပြန်/ဆက်)