Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၁-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁-ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ (၂၇) ရက်နေ့မှစတင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ရာ ၂၀၂၁-ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့တွင်အောင်မြင်စွာ ထုတ်ချေးပေးပြီး ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်နေ့တွင် ချောင်းဆုံ၌ ဘုရားဖူးဧည့်သည်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် စတုဒီသာ ကျွေးမွေးခြင်းဖြင့် စည်ကား
Nov 19,2021
တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်အတွင်းရှိ ထင်ရှားသော ရွှေမြင့်မိုရ်တောင်ဘုရား၊ မဟာကန်တော်ကြီး၊ ကျိုက်တမော့လဲစေတီစသည့်
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ (၃၁၈၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac များ ဆက်လက်ထိုးနှံပေး
Nov 19,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံ ပြည်သူများ၊ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac အား FirstDose၊ SecondDose ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ဒေသခံ ပြည်သူများအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးစပါးတစ်ဧကတင်း(၁၀၀) ထွက်ရှိရေး စံပြကွက် ခန္တီးမြို့နယ်၌ ရိတ်သိမ်း
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါးတစ်ဧက တင်း(၁၀၀) ထွက်ရှိရေး စံပြကွက် (၆၆'× ၆၆')ပတ်လည်(၀.၁၀) ဧကစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ သာစည် ရပ်ကွက်ရှိ တောင်သူ ဦးကျော်စံဝင်း၏ ကွင်းအမှတ်(၄) ဦးပိုင် အမှတ်(၂၀)တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုး…
Nov 19,2021
နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ် တစ်နှစ် နစ်နာမှုမရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပထမအကြိမ် ထိုးနှံပြီးသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့ နံနက် ၈ နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့၌ တန်ဆောင်တိုင်လပြည့်နေ့ ညပိုင်းတွင် ပြည်သူများ ဆက်လက် စည်ကားလျက်ရှိ
Nov 19,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်တိုင်လပြည့် (သာမညဖလအခါတော်နေ့) နံနက်ပိုင်းတွင် ရပ်နီး၊ရပ်ဝေးမှ ဘုရားဖူး ပြည်သူများစွာ လာရောက်ဖူးမြှော် ကြည်ညိုကုသိုလ်ယူ တရားဘာဝနာပွားများ အားထုတ် လျက်ရှိသကဲ့သို့ ညပိုင်းတွင်လည်း ဘုရား၊ ပုထိုးစေတီများ၌ ဆီမီးများ ထွန်းညှိပူဇော်ခြင်းနှင့် ကမ်းနားလမ်းတစ်လျှောက် ဈေးဆိုင်တန်းများတွင် ပြည်သူများ ဆက်လက် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မသန်စွမ်းသူများအား ငွေးကြေးထောက်ပံ့ကူညီရာတွင် တိကျမှန်ကန်မှုရှိစေရေး စာရင်းကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်…
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း မသန်စွမ်းသူ များနှင့် ပတ်သက်၍ ရရှိနိုင်မှု၊ မသန်စွမ်းများအတွက် ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက်သော လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မသန်စွမ်းသူ များအား ငွေကြေးထောက်ပံ့ကူညီမှုပေးနိုင်ရန် တိကျမှန်ကန်သော ကောက်ယူမှု စာရင်းဖြစ်စေရေး မြို့နယ်မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေး ကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံ နှိုးဆော်
Nov 19,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24300
Page
24301
Page
24302
Page
24303
Current page
24304
Page
24305
Page
24306
Page
24307
Page
24308
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department