အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် (၇)ကြိမ်မြောက် ဆီမီးတစ်ထောင်ကို ကျန်းမာရေးဝန်ကြီးဌာ န၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ သုံးရက်တိုင်တိုင် ထွန်းညှိပူဇော်လျက်ရှိကြောင်း သိရသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ခွင်တောင်းအုပ်စု၊ လက်ပံကွေ့ကျေးရွာမှ တောင်သူဦးမောင်ဝင်း၏ မော်ဘီ-၂ (၅ဧက)၊ ဆင်းဧကရီ-၃(၆ဧက)၊ ဧရာမင်း(၁ဧက) မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းကွက် စုစုပေါင်း ၁၂ဧကအား နောက်ဆုံးအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းနှင့် ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းများကို ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းသိန်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်း၊ ကွင်းတာဝန်ခံ လက်ထောက်ဦးစီးမှူးဒေါ်ကြူကြူဝင်း၊ မြို့နယ်ရုံးမှ ဝန်ထမ်းများ၊ အကျိုးဆောင် တောင်သူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Nov 19,2021
၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင် ဆုတောင်းပြည့် တန်ခိုးကြီးဘုရားဖြစ်သော ပေါ်တော်မူကံ့ကော်တော ဘုရားသို့ ဥပုဒ်သီလဆောက်တည်ရန် လာရောက် ကြသူများ၊ အနယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်း သိရသည်။
Nov 19,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ပညာသင် ကြားလျက်ရှိသော အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယ အကြမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီက အ.ထ.က တံတားဦးကျောင်း၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2021
မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်ပြည်သူများစုပေါင်းပြီး ပထမအကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
Nov 19,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု များကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ​သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာတို့၌ Han Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက သမိုင်းဝင် ကျိုက္ကလော့ စေတီတော်မြတ်ကြီးတွင် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်တို့ကို ပြုလုပ်ကျင်းပခဲ့သည်။
Nov 19,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားနေမှုအား လျော့နည်း ပပျောက်သွားစေရေးအတွက် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာများရှိ တိုင်းရင်းသား မိဘပြည် သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။