အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သလိပ်ကြီးကျေးရွာတွင် တည်ထား ကိုးကွယ်တော်မူသော ဖျာပုံမြို့ လောကမာရ်အောင် မြောက်ပိုင်းဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပ ပြုလုပ်သော (၂၇)ကြိမ်မြောက် ဌာနဆိုင်ရာ မိသားစုများ၏ စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို အောင်သီရိရပ်၊ လောကမာရဇိန် ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ ၁ နာရီက ကျင်းပပြုလုပ် ခဲ့သည်။
Nov 19,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က စစ်တုရင် အကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ Talk Show ရိုက်ကူးခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင် ထံကသိရ သည်။         
Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့က သဲချောင်းကျေးရွာအုပ်စုနှင့် စခန်းသစ်ကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ရှိ ဆရာတော် ဦးဥပ္ပလ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တန်ဆောင်မုန်းလပြည့်ည ၆ နာရီအချိန်ခန့် က ဆုတောင်းဘုရားကြီးတွင် ဆီမီး (၁၀၀၀) ကပ်လှူပူဇော်ပွဲကျင်းပခဲ့သည်။
Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် အတွင်းရှိ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုလောမြို့နယ် ခန်းမ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။