ဝမ်းတွင်း နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံ ပြည်သူများ၊ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac အား FirstDose၊ SecondDose ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ဒေသခံ ပြည်သူများအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Covid19 ရောဂါ ကာကွယ်ဆေး Sinopharmနှင့် SinovaအားFirstDose၊SecondDose ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာများ အုပ်စုများရှိ အသက်(၆၅)နှစ် အ ထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် Valunteer များနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူအသက် (၆၅) နှစ် ထက်ရှိသူများ၊ ဒေသခံပြည် သူများနှင့် ကျောင်းသား၊ ကျောင်းသူ(၃၁၈၀)ဦးအား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွာသို့ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်မာရေးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)