အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆို သည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေး အတွက် ယနေ့ နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်း များက ရန်ကုန်သစ်ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 19,2021
လမ်းမတော်မြို့နယ် UMFCCI တွင် Young Leaders Program (YLP) အစီအစဉ်ဖြင့် MBAပညာ သင်ဆုလျှောက်ထားနိုင်ဂျပန်နိုင်ငံ၊ Ministry of Education, Culture, Sports, Science and Technology (Mobnbukagakusho: MEXT) မှ Young Leaders Program (YLP) အစီအစဉ်ဖြင့် Master of Business Administration (MBA) (၁)နှစ် ပညာသင်ဆု အစီအစဉ်သို့ လျှောက်ထားနိုင်သည်။
Nov 19,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့ နံနက် (၉)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့် အထက်​ ယောမင်းကြီးရပ်ကွက်နေ ပြည်သူ စုစုပေါင်း (၂၁၅)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် အသက်(၁၂) နှစ်နှင့် အထက်၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဆေး​ရောင်ခြယ်ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့မွန်းလ (၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
Nov 19,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁- ၂၀၂၂ ခု (၆)လဘတ်ဂျက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်းရေးဆွဲခြင်းနှင့် (AVIP) ရေးဆွဲခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉:၀၀)နာရီ တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ပေးလျက်ရှိရာ၊ ယခု ဒုတိယအကြိမ် ဆေးထိုးနှံခြင်းအဖြစ် သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2021
၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၈)ရက်နေ့ တန်ဆောင်မုန်းလပြည့်ညတွင် ကော့ကရိတ်မြို့ရှိ ဘုရားစေတီ ပုထိုးများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းသည့် နေရာများတွင် လာရောက်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။