ဒဂုံတောင် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း မသန်စွမ်းသူ များနှင့် ပတ်သက်၍ ရရှိနိုင်မှု၊ မသန်စွမ်းများအတွက် ရပိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက်သော လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မသန်စွမ်းသူ များအား ငွေကြေးထောက်ပံ့ကူညီမှုပေးနိုင်ရန် တိကျမှန်ကန်သော ကောက်ယူမှု စာရင်းဖြစ်စေရေး မြို့နယ်မသန်စွမ်းသူများဆိုင်ရာ အခွင့်အရေး ကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မသန်စွမ်းသူများ ငွေကြေးထောက်ပံ့ရာတွင် စာရင်းအချက်အလက် မှန်ကန်ရေးအတွက် မေးခွန်းမေးမြန်းခြင်းများ၊ ထောက်ပံ့ကြေးငွေရရှိပါက စနစ်တကျ အသုံးပြုနိုင်စေရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရသည်။ ထို့နောက် မြို့နယ်အတွင်းရှိ စာရင်း ကောက်ယူရရှိထားသော မသန်စွမ်းစာရင်း ကောက်ယူထားမှုအား မြို့နယ်မသန်စွမ်းကော်မတီက စစ်ဆေး၍ ထောက်ပံ့မှုပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်းလည်း သိရှိရသည်။
သက်မင်းဟန်