နတ်မောက် နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁-ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ (၂၇) ရက်နေ့မှစတင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ရာ ၂၀၂၁-ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့တွင်အောင်မြင်စွာ ထုတ်ချေးပေးပြီး ဖြစ်သည်။
၂၀၂၁-ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများအား နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၂၀ မိုးဘဏ်ချေး ငွေပြေကျေပြီး ၎င်းတို့၏ဆန္ဒအရ ထုတ်ချေးသည့် ကျေးရွာအုပ်စု (၇၀) မှ ဘဏ်အဖွဲ့ဝင် တောင်သူ(၈၇၇၆)ဦးသို့ စပါး(၂၄၆၈)ဧက၊ မြေပဲ(၆၀၅)ဧက၊ နှမ်း(၄၂၂၅၂)ဧကအတွက် ချေးငွေပမာဏကျပ်(၄၆၅၅၉.၀၀)သိန်းအား ရုံးဖွင့်ရက်များတွင် စနစ်တကျ တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးနိုင်ခဲ့ပါကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်မိုးမိုးသိန်းထံမှ သိရသည်။
လှဝင်း