အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ကရင်ပြည်နယ်၊ ကမမောင်းမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2021
ရခိုင်ပြည်နယ် မြေပုံမြို့ အငူကျေးရွာအနီးရှိ ဧလပဗ္ဗတတောင်ကုန်းပေါ်ရှိ တည်ထား ကိုးကွယ် လျက်ရှိသည့် ဗျာဒိတ်တော်ရ ဗုဒ္ဓရင်ရိုးတော်ဓာတ် စေတီတော်မြတ်နှင့် အထင်ကရ ရှေးဟောင်း သမိုင်းဝင်ဘုရား၊ ပုထိုးစေတီများ၌ တန်းဆောင်တိုင် အများပြည်သူ ရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ အနေဖြင့် ယနေ့ နံနက်ပိုင်းမှ စ၍ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိတ်ရှစ်ဆူဘုရားများ လှည့်လည်အပူ ဇော်ခံခြင်းကို ယနေ့ နေ့လယ်(၃)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 19,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်း၍ တန်ဆောင်မုန်း လပြည့်နေ့တွင် တန်ဆောင်တိုင် ဆီမီးထွန်းပူဇော်ပွဲကို ယမန်နေ့က စတင်ပြီး ရခိုင်ရိုးရာ အစဉ်အလာ မပျက်စေရန် မင်းပြားမြို့ပေါ်ရပ်ကွက် အသီးသီး၌ ကျင်းပ လျက်ရှိသည်။
Nov 19,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တန်​ ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ဘုရားတန်ဆောင်းများတွင် ဆီမီး တစ်ထောင် ပူဇော်ခြင်း၊ မသိုးသင်္ကန်းများ လှူဒါန်းခြင်း၊ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း ဓမ္မာစကြာ ရွတ်ဖတ်ပူဇော်သူများဖြင့် ဘုရားရင်ပြင်ပေါ်တွင် များပြားစည်ကားလျက်ရှိပါကြောင်း သိရသည်။
Nov 19,2021
ရခိုင်ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို ရခိုင်ပြည်နယ် နေရာအနံ့အပြား၌ ကျင်းပပြုလုပ် လျက်ရှိကြသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း၍ သက်ဆိုင်ရာကျောင်းများတွင် (၇၇)ကြိမ်မြောက် မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားများ ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက်တွင် ခရိုင်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ မဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော ကျိန်းတောင်ဘုရား ရင်ပြင်တော်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဘုရားရင်ပြင် ဓမ္မရုံအတွင်းတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။