အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ကာကွယ်ဆေး ထိုးရန်စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေး ကြေညာပေးခဲ့ကြောင်း သိရသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကစတင်ပြီး တစ်ညအိပ် နှစ်ရက်ခရီးဖြင့် မြစ်ကြီးဘိုးကျေးရွာအုပ်စုနှင့် နတ်မှူးကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
Nov 19,2021
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အစီအစဉ်အဖြစ် “ တူယှဉ်နွှဲပျော် ဂီတပွဲတော် " တေးသီချင်းသီဆိုမှု ပြိုင်ပွဲသို့ နေပြည်တော်ကိုယ်စားပြု သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သုံးဦးအား နေပြည်တော်ကောင်စီမှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယ‌နေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးနိုင်ရေးအတွက် ခရိုင်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကော်မတီမှ ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ကသာမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 19,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ယနေ့ နံနက် ၁၀ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြပွဲကျင်းပလျက်ရှိကြောင်း သိရသည်။
Nov 19,2021
၂၀၂၁ ခုနှစ်၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (လူသစ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အားကစား ခန်းမအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ဘဝသစ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက "လူ မှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် (၉)နာရီအချိန်က ဘဝသစ် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
Nov 19,2021
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၁)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်ဘုရား ဒေသစာရီလှည့်လည် ပူဇော်ခံပွဲကို ယမန်နေ့ (တန်ဆောင်တိုင်လပြည့်နေ့)က စည်ကား သိုက်မြိုက်စွာကျင်းပခဲ့သည်။