မော်လမြိုင်မြို့၌ တန်ဆောင်တိုင်လပြည့်နေ့ ညပိုင်းတွင် ပြည်သူများ ဆက်လက် စည်ကားလျက်ရှိ

မော်လမြိုင် နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်တိုင်လပြည့် (သာမညဖလအခါတော်နေ့) နံနက်ပိုင်းတွင် ရပ်နီး၊ရပ်ဝေးမှ ဘုရားဖူး ပြည်သူများစွာ လာရောက်ဖူးမြှော်  ကြည်ညိုကုသိုလ်ယူ  တရားဘာဝနာပွားများ အားထုတ် လျက်ရှိသကဲ့သို့ ညပိုင်းတွင်လည်း ဘုရား၊ ပုထိုးစေတီများ၌  ဆီမီးများ ထွန်းညှိပူဇော်ခြင်းနှင့်  ကမ်းနားလမ်းတစ်လျှောက် ဈေးဆိုင်တန်းများတွင် ပြည်သူများ ဆက်လက် စည်ကားလျက်ရှိသည်။

မော်လမြိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ    သိသာစွာလျော့နည်း     ကျဆင်းမှု ရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့်  ကုသိုလ်ယူနိုင်ကြစေရန် တန်ခိုးကြီး ဘုရား၊ ပုထိုးစေတီများတွင်  ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ပေးထားပြီးဖြစ်ကာ  ရဟန်းရှင်လူ ပြည်သူများ   စိတ်အေးချမ်းသာစွာဖြင့် ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်၍    ကုသိုလ်ကောင်းမှု    ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် လူငယ်၊ လူရွယ်များ  စိတ်လက်အပန်းဖြေစရာ မြို့တွင်းကမ်းနား လမ်းတစ်လျှောက်   ဈေးဆိုင်တန်းများတွင်လည်း စျေးရောင်းသူ၊ စျေးဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)