အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ် တော်မူသော ဆကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်တော်မူသော နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နေလယ် ၂ နာရီက ရွှေဆံတော်စေတီတော် မြတ်ကြီးမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းသို့ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
Nov 19,2021
ခရီးသွားပြည်သူများ သွားလာ‌ရေးအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-မြိတ်-ရန်ကုန် လေကြောင်း  ခရီးစဉ်ကို နိုဝင်ဘာလ(၁၉)ရက်တွင် ပုံမှန်ခရီးစဉ်များအား ကျန်းမာရေးဆိုင်ရာစံ သတ်မှတ်ချက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပျံသန်းပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2021
  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည်စုံမှု ရရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ချောင်းဆုံကျေးရွာသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 19,2021
ကော့သောင်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ (မူလဒွာရ) ရွှေမင်းဝံပုညကုသလကျောင်းတိုက် မဟာဘုံ ကထိန် အလှူတော်အား ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကျိုက်ထီးဆောင်း ဆံတော်ရှင် စေတီတော်၌ တန်ဆောင်းမုန်း လပြည့်နေ့ ညတွင် ဘုရားဖူးပြည်သူများ အေးချမ်းစွာ လာရောက်ဖူးမျှော် လျက်ရှိကြသည်။
Nov 19,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော် မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)က ပြည်သူများ အေးချမ်းစွာဖြင့် လာရောက်ဘုရားဖူး ကုသိုလ်ပြုကြလျက်ရှိကြောင်း တွေ့ရသည်။
Nov 19,2021
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၂)ဦး ပိုးတွေ့ရှိခဲ့ပြီးကယားပြည်နယ် အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၈)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ( ၈၉) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၅) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၁၇)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၇) ဦး၊ ရှားတော မြို့နယ်ဆေးရုံတွင် (၃)ဦး၊ ရှားတောမြိုနယ်ရှိ(PMC)များတွင် (၆)ဦး၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
Nov 19,2021
ကလေးငယ်များ စာပေဗဟုသုတရရှိစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။