ပန်းတနော် နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က လူထုစိန်ဝင်းရေးသားသည့် မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး စာအုပ်တွင်ပါရှိသည့် ရိုးသားမှုကအရေးအကြီးဆုံး ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ဝန်ထမ်းများက လူငယ်နှင့် ယုံကြည်မှု၊ စဉ်းစားတက်အောင် ပညာသင်ပါ စိတ်မပျက်နဲ့ အားတင်းပါ၊ ပညာသည်တွေ ပညာသည်ပီသဖို့လိုတယ်စသည့် အကြောင်းအရာများ အား အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)