ကျွန်းစု နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က သဲချောင်းကျေးရွာအုပ်စုနှင့် စခန်းသစ်ကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၁၈)ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင် ၆(က) (၁၁၀)ဦး၊ လဲလှယ်(၄၁)ဦး၊ မိတ္တူ(၇၆)ဦး၊ စုစုပေါင်း(၂၄၅)ဦးနှင့် အိမ်ထောင်စု ရွေ့ပြောင်း(၂၅)စု၊ အိမ်ထောင်စုမိတ္တူ(၅၀)စုနှင့် အိမ်ထောင်စုခွဲ(၅၀)စုတို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)