Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်တွင်းကြီးမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ကျောင်းသား/သူ(၁၂၃၅၂)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးအသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့ နံနက်(၈)နာရီမှစတင်၍ မြို့နယ်အတွင်းရှိ အ-ထ-က ကျောင်းဆေးထိုးစုရပ်(၁၀)ခုတို့တွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် ကျောင်းသား/ ကျောင်းသူလေးများ စကားဆက် ပြိုင်ပွဲကျင်းပ
Nov 19,2021
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား/ ကျောင်းသူလေးများ စကားဆက်ပြိုင်ပွဲ အခမ်းအနားကို အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလက်ရှိ
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က သတ်မှတ်စုရပ် နေရာများဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ OSS ခန်းမတို့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့၌ လူငယ်၊လူရွယ်များ ကိုယ်ကာယကြံ့ခိုင်မှုရှိရေး Physical Fitness Dance သရုပ်ပြပွဲ ဆောင်ရွက်
Nov 19,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက Physical Fitness Dance သရုပ်ပြပွဲကို Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်အထင်ကရ ဘုရား၊ ပုထိုးစေတီများတွင် တန်ဆောင်တိုင် လပြည့်နေ့၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိပူဇော်သူများဖြင့်…
Nov 19,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်း သမိုင်းဝင်ဘုရား၊ ပုထိုးစေတီများတွင် တန်ဆောင်တိုင်လပြည့်နေ့၌ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအနေဖြင့် ယမန်နေ့ ညနေပိုင်း ၆ နာရီအချိန်မှစတင်ပြီး ရှေးဟောင်း သမိုင်းဝင် အထင်ကရ ဘုရား၊ ပုထိုး၊ စေတီများ၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိကပ်လှူ ပူဇော်ခြင်းများအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့၌ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်ပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ ၂၀၀၀၀ ကျော်ရှိပြီဖြစ်
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက ်ပေးလျက်ရှိရာ နိုဝင်ဘာ(၁၆)ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ဦးရေ ၂၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည် မြင့်မားလာစေရန် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဝန်ထမ်းများ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရေး၊ စာပေဗဟုသုတများကို ဆွေးနွေး တတ်သည့် အလေ့အကျင့်များ ရရှိစေရေး၊ ဝန်ထမ်း ကျင့်ဝတ် စည်းကမ်းများကို သိရှိနားလည်စေရေး၊ လုပ်ငန်းများလုပ် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24295
Page
24296
Page
24297
Page
24298
Current page
24299
Page
24300
Page
24301
Page
24302
Page
24303
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department