နတ်မောက် နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ရှိ ဆရာတော် ဦးဥပ္ပလ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တန်ဆောင်မုန်းလပြည့်ည ၆ နာရီအချိန်ခန့် က ဆုတောင်းဘုရားကြီးတွင် ဆီမီး (၁၀၀၀) ကပ်လှူပူဇော်ပွဲကျင်းပခဲ့သည်။
အဆိုပါ ဆီမီး(၁၀၀၀)ကပ်လှူပူဇော်ရာတွင် ဆုတောင်းပြည့်ဘုရားကြီးသို့ မြို့ပေါ်ရှိ ရပ်ကွက်နေ ပြည်သူများမှ လာရောက်ပြီး ပန်း၊ ရေချမ်း၊ အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ ဘုရားကြီးတွင် အဓိဋ္ဌာန်ပုတီးစိပ်ခြင်းများ ပြုလုပ်ခဲ့ကြရာ ဘုရားဖူးလာရောက်ကြသည့် လူငယ်များကလည်း မိမိသူငယ်ချင်းများနှင့် အဝေးရောက် သူငယ်ချင်းများအား အမှတ်တရအဖြစ် ပြသနိုင်ရန် ဆုတောင်းပြည့်ဘုရားကြီး ဆီမီး(၁၀၀၀)ပူဇော်ထားသည့် ဓါတ်ပုံများ၊ မိမိသူငယ်ချင်းများနှင့်အတူ ဆီမီးပူဇော်နေသည့် ဓါတ်ပုံများကို အပျော်တမ်းအဖြစ် ဖုန်းကင်မရာ လေးများဖြင့် ရိုက်ယူကြပြီး ဆုတောင်းပြည့်ဘုရားကြီး၏ ဆီမီးရောင်စုံအလှများဖြင့် စည်းကားသိုက်မြိုက် လျက်ရှိကြောင်း သိရသည်။
လှဝင်း