မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် လက်တ လော ဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ် -၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်နှံ့ နေမှု အခြေ အနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး၊ ထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးကြီးကြပ်မှု ကော်မတီမှ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား မြို့အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိ ရပ်ကွက်များသို့ အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် လာရောက်ထိုးနှံကြရန်၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုး ရန်ကျန်ရှိ သည့် ဒေသခံပြည်သူများအနေဖြင့် သက်မှတ်ထားသည့် စုရပ်များတွင် ကာကွယ် ဆေးလာရောက်ထိုး နှံကြရန်၊ နေအိမ်မှ ပြင်ပသို့ထွက်လျှင် ပါးစပ်/ နှားခေါင်းစည်း (Mask) တပ်ဆင် ပြီးမှ သွားလာကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ် ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုကြပါရန်၊ သက်ကြီးရွယ်အိုများနှင့်ဆီးချို၊သွေးတိုး နှလုံး ရောဂါခံရှိသူများ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက် နိုင်ကြောင်း၊ ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့် တပြေးညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် အရှိန် အဟုန်မြှင့် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီရိအောင် (တကောင်း)