ခင်ဦး နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပ ပြုလုပ်သော (၂၇)ကြိမ်မြောက် ဌာနဆိုင်ရာ မိသားစုများ၏ စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို အောင်သီရိရပ်၊ လောကမာရဇိန် ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ ၁ နာရီက ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် ဩဝါဒါစရိယ၊ သဲပုံကျောင်းတိုက် အဓာနနာယက ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဇာတထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ကြီးများထံမှ ပရိတ်တရားတော် နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး ကထိန်အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)