ညောင်ဦး နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က စစ်တုရင် အကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ Talk Show ရိုက်ကူးခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင် ထံကသိရ သည်။
အဆိုပါ စစ်တုရင်အကြောင်းသိကောင်းစရာဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ညောင်ဦးမြို့နယ်၊ စစ်တုရင်ဆပ်ကော်မတီ အတွင်းရေး၊ ဦးမင်းခိုင်ဦး(မန္တလေးတိုင်းဒေသ ကြီးလက်ရွေး စင်)နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာတို့ က ဆွေးနွေးရိုက်ကူးခဲ့ကြောင်းသိရသည်။ကလေးငယ်များငယ်စဉ်ထဲ စစ်တုရင်ကစားနည်းအား သင်ကြားထားသင့်ကြောင်း၊ စစ်တုရင်ကစားခြင်းမှရရှိနိုင်သည့် အကျိုးကျေးဇူးများဖြစ်သည့် အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးခြင်း၊ ဦးနှောက်အလုပ် လုပ်များသည့်အတွက် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဦးနှောက်ဆဲ များဖွံ့ဖြိုးတိုးတက်မှုမြန်စေခြင်း၊ ကျောင်းသားကျောင်းသူများ ဉာဏ်ရည်မြင့်မားစေခြင်း၊ IQ မြင့်မားစေခြင်း၊ အခက်အခဲ ပြသနာများကို ခေါင်းအေးအေးဖြင့်ဖြေရှင်းပေးနိုင်ခြင်း၊ တွက်ချက်မှုကောင်းမွန်လျှင်မြန်ခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း၊တီထွင်ဖန်တီးမှုအား ကောင်းစေခြင်း၊အားရုံစူးစိုက်နိုင်မှု စွမ်းအား ကောင်းလာခြင်း၊ အလုပ်လုပ်ရာတွင် အစီအစဉ်တကျ ဖန်တီးပေးနိုင်ခြင်းစသည့်အကျိုး ကျေးဇူး များရရှိစေကြောင်း ဦးမင်းခိုင်ဦး (တိုင်းဒေသကြီးလက်ရွေးစင်)က ရှင်းပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD