ဝါးခယ်မမြို့နယ်ကျေးရွာအုပ်စု(၂)အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  နိုဝင်ဘာ ၂၃

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ် နှင့် အညီ နိုဝင်ဘာ၂၂ရက် နေ့နံနက်()နာရီက ‌ ကျေးရွာအုပ်စု(၂)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက် ကွင်းဆင်းဆောင် ရွက်‌ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက  အဖွဲ့များခွဲကာ ‌ဘွတ်တန်း ကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာအုပ်စုရှိ  ကျေးရွာနေ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက်(၁၀) နှစ်ပြည့် (၇၇)ဦး၊ အသက် (၁၈)နှစ်ပြည့် (၆၁)ဦး၊ စုစုပေါင်း(၁၃၈)ဦး တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။

စောသန္တာဦး