ပေါက်ခေါင်းမြို့တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပေါက်ခေါင်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်း မြို့လယ် လေးမျက်နှာ ဇာတ်ရုံနှင့် အခြားဆေးထိုးစုရပ် နေရာများတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးစုရပ် များဖြစ်သည့် လေးမျက်နှာဇာတ်ရုံ၊ အထက ကြို့ပင်ကန်၊ အထက ကံကျင်း၊ အထက ဓမ္မသော်၊ အထက တောင်လည်နှင့် ညောင်ကုန်းကျေးလက်ဆေးခန်းတို့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ထိုးနှံပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇၄၆)ဦးကို ဆေးထိုးစုရပ် ၆ ခုတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဆေးထိုးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)