လှိုင်းဘွဲ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို ပြည်သူများ တန်ဖိုးထားပြီး သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မစျေး၊ ယာယီပျံကျစျေးနှင့် ပန်းဝတ်မှုံခန်းမတွင် နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်သင်တန်းနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းကို တက်ရောက်နေကြသော သင်တန်းသား/သူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် ၂၀၂၁ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့၊ အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများ၊ အေးအတူ ပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုသော ကျောင်းသားကြီး(၁၁)ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပညာရေးကဏ္ဏသည် အရေးကြီးကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ အမျိုးသားရေးစိတ်ဓာတ်၊ ဘုန်းရှင့်မြန်မာတို့မြန်မာ၊ အမျိုးသားပညာရေး စသည့်အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)