တမူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

တမူး နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင် လစာငွေများကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ဘဏ်ဝန်ထမ်းများက ကိုဗစ်ရောဂါဆိုင်ရာ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်လစာငွေများ ထုတ်ပေးရာတွင် တမူးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင်ထုတ်ယူသူ (၁၀၈၀)ဦးရှိပြီး နိုဝင်ဘာလအတွက် ပင်စင်လစာငွေများကို နိုဝင်ဘာ(၂၂)ရက်နေ့မှ လကုန် ရက်နေ့အထိ ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများကို ဒီဇင်ဘာလတွင် ဆက်လက် ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကြီး