ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ် စာအုပ်/စာစောင်ပြပွဲကျင်းပ

ကျောက်မဲ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့က မကြာမီ ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စာစောင်/စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နေ့ထူးနေမြတ်နေ့များကို မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသား ကျောင်းသူများက မြတ်နိုးတန်ဖိုးထား တတ်စေရန်နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်လာစေရန် ရည်ရွယ်၍ အဆိုပါ စာအုပ်/စာ‌စောင် ပြပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စာအုပ်/စာစောင်ပြပွဲကို  အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် စာအုပ်/စာစောင်များနှင့် အခြားဗသုသုတရဖွယ် သုတ/ရသ စာအုပ်များကို ခင်းကျင်းပြသထားပြီး ပြပွဲသို့ ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြည့်ရှု မှတ်သားကြကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)