သင်္ဃန်းကျွန်း နိုဝင်ဘာ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ယနေ့နံနက် ၈ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက သုဝဏ္ဏ (၂၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရပ်ကွက်များအတွင်း နေထိုင်သော အသက်(၁၀) နှစ်ပြည့် မှ(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်ပေးခြင်း၊ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အသက်(၁၀)နှစ် ပြည့်မှတ်ပုံတင်(၁၅)ကတ်၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်(၂၀)ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅)ဦးအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အခြားရပ်ကွက် များသို့လည်း အလှည့်ကျ ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးရဲထွန်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်း ကမြို့နယ်လယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လဝက ဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များတွင် ကွင်းဆင်း ဆောင်ရွက် ပေးခြင်း၊ ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ပေးခြင်း၊ လူစည်ကားရာ နေရာများတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဗီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
စန္ဒာမိုး