ကန့်ဘလူ နိုဝင်ဘာ ၂၄
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ယနေ့နံနက် ၁၀ နာရီ က ပြန်/ဆက်ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများက သွာရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ အမျိုးသား ရေးစိတ်ဓာတ်၊ စာရေးဆရာရေနံ့သာ မောင်ကျော်ညွန့်၏ ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာ၊ (၁၀၁)နှစ်မြောက် အမျိုးသားရေးဦးတည်ချက်များနှင့် အမျိုးသားပညာရေးကဏ္ဍအကြောင်း သိကောင်းစရာများပါရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)