ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေကာ ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရကာ စာဖတ်ဝိုင်းဆွေးနွေးပွဲ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့မှ နာယက ဦးအောင်စန်းမြင့်၊ အတွင်းရေးမှူး ဦးကျော်စိုးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် တို့က စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး စာရေးဆရာဖေမြင့် ရေးသားသည့် “အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်တွင်ပါရှိသော စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် လူငယ်များက မိမိတို့သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေကာ ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ကျင်းပဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)