အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုတ္ထအသုတ် ပထမအကြိမ်  ဆက်လက် ထိုးနှံပေးခြင်းကို  မြို့ပေါ်ဆေးထိုးစုရပ် နေရာဖြစ်သည့် မြို့တော်ခန်းတွင် ယနေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် ပဲတီစိမ်းနှင့်နေကြာ သီးညှပ်စိုက်ပျိုးခြင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းပြီး တောင်သူ ဦးဝင်းနိုင်၏ စိုက်ခင်း၌ ဆောင်ရွက်ခဲ့သည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ပြင်းထန် ဒဏ်ရာရှေးဦးပြုစုခြင်း (Trauma First Aid Training) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်က မြန်အောင်မြို့ ပြည်တော်အေးဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန် နေ့နံနက် (၁၀)နာရီ အချိန်က  မိုင်းငေါ့ တိုက်နယ်ကျန်းမာ‌ရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀နာရီအချိန်မှစတင်ကာ ဝက်လက်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာဗဟုသုတများကို သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လည်ပိုင်းက စာသင်ကျောင်းများ ၊ လူစည်ကားရာ နေရာများ၌ သွားရောက် ဖြန့်ဝေခဲ့သည်။
Nov 25,2021
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ မှတ်ဉာဏ်စွမ်းအား တိုးတက်ကောင်းမွန်လာစေရန်၊ စာပေနှင့်ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန်နှင့် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ(၂၈)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြောနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။