အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ စက်ဆန်းကျေးရွာအုပ်စုအထိ ဘိုကလေး - စက်ဆန်း ကားလမ်းမှာ အများအားဖြင့် ဆိုင်ကယ်များဖြင့် သွားလာလှုပ်ရှားကြပြီး အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ဈေးဝယ်သူများ၊ ဆေးဝါးလာရောက်ကုသသူများ သွားရေးလာရေး အဆင်ပြေရေးအတွက် ရည်ရွယ်၍ ဘိုကလေးမြို့၊ဒုတိယလမ်းရှိ မာလကာကန်အနီးတွင် Taxi ကားများ စုရပ်ထား၍ ဘိုကလေး-စက်ဆန်း လမ်းပိုင်းအား ပြေးဆွဲပေးလျက်ရှိသည်။
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့ မြို့မတောင်ရပ်ကွက် စနေနံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက် နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁)ကျောင်းတွင် ဖြန့်ဝေခဲ့သည်။
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က သတ်မှတ်စုရပ် နေရာဖြစ်သည့် ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးအဖွဲ့များဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် ကျောင်းသား/သူများနှင့် ပြည်သူများ နေ့ထူး နေ့မြတ်များအကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက သဲကုန်းမြို့ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက် နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က (၁)ကျောင်းတွင် ဖြန့်ဝေခဲ့သည်။
Nov 25,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့ ညနေ ၃ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့ထူးနေ့မြတ်အကြောင်းဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ ညနေပျံကျ ဈေးသည် ဈေးဝယ်သူများနှင့် ပြည်သူလူထုများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၁ ခုနှစ် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မန္တလေးတိုင်း ဒေသကြီးရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရမည်းသင်းမြို့နယ်အတွင်းရှိ  ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာ ဗဟုသုတများကို သိရှိနိုင်စေရန်အတွက်  ယနေ့ နံနက်ပိုင်းက စာသင်ကျောင်း၊ လူစည်ကားရာ မြို့မဈေးနှင့် ဌာနဆိုင်ရာရုံးများကို သွားရောက် အခမဲ့ဖြန့်ဝေခဲ့သည်။