မိုင်းငေါ့မြို့တွင် ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  RDT Test Kit ဖြင့်စစ်ဆေး

မိုင်းငေါ့      နိုဝင်ဘာ    ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  RDT Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန် နေ့နံနက် (၁၀)နာရီ အချိန်က  မိုင်းငေါ့ တိုက်နယ်ကျန်းမာ‌ရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ယာယီပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့် လှစ်ခဲ့ရာ မိုင်းငေါ့ပညာရေးဌာနမှ ဆရာ(၁)ဦး ၊ ဆရာမ(၁)ဦး နှင့် မန်လုံ ရပ်ကွက်မှ ဒေသခံ (၉) ဦး စုစုပေါင်း (၁၁) တို့အား RDT  Test Kit ဖြင့် စစ်ဆေးခဲ့ရာအားလုံး Negative ဖြစ်ကြောင်း ကျန်းမာရေးဌာန မှ တာဝန်ရှိ သူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ်   (မိုင်းငေါ့ ပြန်/ဆက်)