အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မိုးသောက်ပန်းဂျာနယ်ပါ စာရေးဆရာသိက္ခာ၏ “အယုံမလွယ်နဲ့” ခေါင်းစဉ်ဖြင့် ပုံပြော အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလဆုပ်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အထက၊တံတားဦးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် နွားကျော်ဒဈေး တို့တွင် ဖြန့်ဝေပေးကြောင်းသိရသည်။
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီးအတွင်း ရောင်းချလျက်ရှိသည့် အရောင်းဆိုင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များနှင့် အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် တာဝန်ရှိများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 25,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အများပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ် စီးနင်းရာ တွင်သိရှိလိုက်နာ စေရန်အတွက်ဒေသန္တရအမိန့်အသိပေး ကြေညာချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြစ်သားမြို့ ဗိုလ်ချုပ်လမ်း ရွှေမုဌောဘုရားရှေ့နှင့် လူစည်ကားရာ လမ်းဆုံ လမ်းခွနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများနှင့် လူစည်ကားရာ နေရာတို့တွင် ဖြန့်ဝေပေးခဲသည်။
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၌ အသက်(၄၅)နှစ်နှင့်အထက် (တတိယအသုတ်) ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမနှင့် နောင်ပကျစ်ရပ်ကွက်ရှိ ဟုမ္မလင်းမြို့တော်ခန်းမတို့၌ ဆေးထိုးစုရပ်(၂)ခုဖြင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
 ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများ လေ့လာနိုင်ရန်အတွက် ရပ်ကွက်၊ ဌာနဆိုင်ရာ ရုံးများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
စာရေးဆရာသားအောင်မြင့်(ဖားကန့်)၏ နို့ကြွေးချွေးကြွေးဆပ်ခရီးသည်တစ်ဦး၏ မဇ္ဈိမဒိုင်ယာရီ စာအုပ်အား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်နှင့်ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ အတွက် စာအုပ်များပေးအပ်လှူဒါန်းခြင်းကို မန္တလေးမြို့၊၆၂လမ်းနှင့် မြဝတီမင်းကြီး လမ်းထောင့်၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ညနေ ၅ နာရီ က ကျင်းပပြုလုပ်သည်။