Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၂၂၀ဖြင့် ကျေးရွာချင်းဆက်လမ်း သုံးလမ်းတွင် တံတား တစ်စင်း၊ ရေကျော် နှစ်ခု နှင့် Box Culvert တည်ဆ…
Nov 25,2021
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ၂၂၀ဖြင့် ကျေးရွာချင်းလမ်း သုံးလမ်းတွင် တံတား တစ်စင်း၊ ရေကျော် နှစ်ခုနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြန်မာဘာသာ၊ ရှမ်းဘာသာ(၂)မျိုးဖြင့် ကျေးရွာများအရောက် ဆောင်ရွက်လျက်ရှိ…
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရန်နှင့် လျော့နည်းပပျောက်စေရန် ရည်ရွယ် ၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက သီပေါမြို့ မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများ တွင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(community Center)ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲ့နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုဝင်ဘာ(၂၈)ရက်နေ့ ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွှန်းလှ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဌာနဆိုင်ရာများအား ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်အတွင်းရှိ အသက် ၁၂ အထက် အခြေခံပညာ အလယ်တန်း၊အထက်တန်းကျောင်းသား/ ကျောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ်ထိုးနှံပေး
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေး မြို့နယ်၌ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့် အညီ မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှအသက် ၁၂နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်၉ နာရီမှစ၍ အ.ထက(၁) ယုဇနခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယ အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ယာယီပျံကျဈေးနှင့် (TAXI) ဂိတ်များ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် သင်တန်းဖွင့်လှစ်
Nov 25,2021
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်း ကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြည်နယ် ငါးလုပ်ငန်း ဦစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သင်တန်း(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Online ဟောပြောပွဲ ပြုလုပ်
Nov 25,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Online ဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23939
Page
23940
Page
23941
Page
23942
Current page
23943
Page
23944
Page
23945
Page
23946
Page
23947
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department